Monday, October 12, 2015

“iOS 9 ႏွင့္ ေမးခြန္းမ်ား”

iOS 9 ကသံုးမယ္ဆိုလွ်င္ သံုးလို႔ရေနပါၿပီ။ iDevice အသစ္ေတြမွာ iOS 9 ပါလာပါမယ္။ တခ်ိဳ႕လည္း လက္ရွိ Device မွာတင္ upgrade လုပ္ၿပီးသံုးေန ပါၿပီ။ iOS9 DVD လည္း ျမန္မာျပည္ထဲ၀င္လာပါၿပီ။ ဆႏၵရွိရင္သံုးႏုိင္ပါတယ္။ ဖိုင္အရြယ္အစား 1.4GB မို႔ ကြၽန္ေတာ္တို႔အင္တာနက္စနစ္မွာ 2MB ဖိုင္ဘာ အင္တာနက္ကလဲြၿပီး download ခ်ဖို႔မလြယ္ပါဘူး။ ဖုန္းကတစ္ဆင့္ OTA upgrade လုပ္ဖို႔က ေ၀းမွေ၀း။ OS အသစ္တစ္ခုထြက္ရင္ လူေတြက ေမးခြန္း အမ်ိဳးမ်ိဳးကို ေမးတတ္ပါတယ္။ ေပါက္ေပါက္ ရွာရွာေမးတာေတြလည္း ပါသ ေပါ့။ iOS9 နဲ႔ပတ္သက္ၿပီး လူေတြက ဒီလိုေမးခြန္းမ်ိဳးေတြေမးထားပါတယ္။

<iOS9 က ဘာေတြထူးလာသလဲ?>

iOS9 ထဲမွာ မသံုးမျဖစ္ built-in-app ေတြပိုသံုးႏိုင္ေအာင္ Apple ကခ်ဲ႕ထြင္ ေပးထားသလို ထပ္တိုး၀န္ေဆာင္မႈေတြ လည္း ထည့္ေပးထားပါတယ္။ ဒါေၾကာင့္ iOS9 ဟာပိုေကာင္းလာတာေသခ်ာပါတယ္။ Beta အဆင့္ ေရာက္ေနၿပီး စမ္းသံုးလို႔ ရေနၿပီျဖစ္တဲ့ iOS 9.1 မွာ ပိုၿပီးထူးျခားတာေတြ ေတာင္ေတြ႕ရပါမယ္။ iOS9 မွာ siri က အရမ္းအားေကာင္း ေမာင္းသန္ရွိလာ ၿပီး ေျမပံုစနစ္ကလည္း mass tramsit data ကိုေထာက္ပံ့ေပးလာႏုိင္ပါတယ္။
Possbook built-in-app ကို Apple Pay-powered wallet နဲ႔ အစားထိုးလိုက္ ပါတယ္။ မသြက္လက္တဲ့ Newstand ေနရာမွာ News ၀င္လာတယ္။ ပုဂၢိဳလ္ တစ္ေယာက္ခ်င္းကိုလိုက္ၿပီး စိတ္ႀကိဳက္သတင္းေတြ ျပဳေပးမယ့္ App ျဖစ္ပါ တယ္။ iPhone မွာ အဲဒါေတြအျပည့္အ၀ရၿပီး iPad မွာဆိုရင္ Split View နဲ႔ Picture-in-picture လို အသံုးမ်ိဳးေတြ သံုးႏိုင္ပါမယ္။

<Security ပိုင္းနဲ႔ပတ္သက္ၿပီး ဘာေတြျမႇင့္ေပးထားသလဲ?>

Security feature အသစ္ေတြထပ္ေဆာင္းၿပီးပါလာပါတယ္။ ဒါေၾကာင့္ iPhone ဒါမွမဟုတ္ iPad ဟာ မသူေတာ္ လက္ထဲေရာက္သြားရင္ေတာင္ data ေတြအတြက္ စိတ္ခ်ရပါမယ္။ Passcode မွာဂဏန္းေလးလံုးအစား ဂဏန္းေျခာက္လံုး ႐ိုက္ထည့္ရတဲ့အတြက္ လံုၿခံဳမႈပိုေကာင္း လာၿပီး တျခား device တစ္ခုကေန လွမ္းခ်ိတ္မယ္ဆိုရင္ နည္းလမ္း ႏွစ္သြယ္နဲ႔ စစ္ေဆးတဲ့ အတြက္ ပိုၿပီးလံုၿခံဳလာတယ္လို႔ေျပာႏိုင္ပါတယ္။

<Android ကေန iOS ေျပာင္းသံုးမယ္ဆိုရင္ iOS 9 ကဘာေတြပိုၿပီး လြယ္ကူေအာင္ လုပ္ေပးထားပါသလဲ?>

iOS 9 မွာ Move to iOS ဆိုတဲ့ application ပါလာပါတယ္။ Android ကေန iOS ေျပာင္းသံုးမယ့္လူေတြအတြက္ အထူးရည္ရြယ္ ၿပီးလုပ္ေပးထားတာပါ။ အဲဒီ application ကိုသံုးၿပီး Android user ေဟာင္းေတြဟာ Contacts, message history, mail accounts, Calendars, Photos, Videos နဲ႔ Free app ေတြကို iPhone အသစ္ဆီအျပတ္အေတာက္မရွိဘဲ ျမန္ျမန္ဆန္ဆန္ ေရႊ႕ေျပာင္းႏိုင္ပါလိမ့္မယ္။ ပိုက္ဆံေပး၀ယ္ထားတဲ့ application ေတြကို လည္း App Store ရဲ႕ wish list ထဲကိုေျပာင္းထည့္ေပးႏိုင္ပါတယ္။

<OS အသစ္ေၾကာင့္ ဘက္ထရီအေပၚမွာဘယ္လိုအက်ိဳးသက္ေရာက္မွာ
လဲ?>

အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဒါေပမယ့္ အျပဳသေဘာေဆာင္တဲ့ အက်ိဳး သက္ေရာက္မႈမ်ိဳးပါ။ iOS 9 မွာ ဘက္ထရီကို ပိုၿပီးအက်ိဳးရွိရွိ သံုးႏိုင္ေအာင္ ေဆာင္ရြက္ေပးထားလို႔ ဘက္ထရီအသံုးခံခ်ိန္တစ္နာရီေလာက္ ပိုၿပီး ရလာႏိုင္ပါတယ္။ iPhone ထဲမွာ အသင့္ထည့္ေပးလိုက္တဲ့ sensor ေတြ ေၾကာင့္ ဒီလိုအက်ိဳးရွိလာတာပါ။ Sensor ေတြက ပတ္၀န္းက်င္ကို အာ႐ံုခံ ေနၿပီး ဘယ္လိုအခ်ိန္မွာ screen ကိုေမွာင္ေပးရမယ္။ ဘယ္အခ်ိန္မွာ လင္းေပး ရမယ္ဆိုတာခ်ိန္ဆၿပီး လုပ္ေပးသြားပါမယ္။ ဘက္ထရီပါ၀ါ အရမ္း နည္းသြားရင္ Low power mode မွာထားၿပီး သံုးႏုိင္ပါတယ္။ ေနာက္ထပ္ သံုးနာရီ ဘက္ထရီပိုခံေအာင္ လုပ္ေပးပါမယ္။

<Proactive assistance ဆိုတာဘာလဲ?>

Siri ဟာ အခုအခ်ိန္မွာဆိုရင္ ဖုန္းသုံးတဲ့လူဘယ္ေနရာမွာေရာက္ေနတယ္၊ အခုဘယ္အခ်ိန္ရွိၿပီ၊ ဘယ္လိုအလုပ္ေတြကို ထပ္ျပန္ေက်ာ့ၿပီးလုပ္ရတယ္၊ ဖုန္းကိုဘယ္လိုမ်ိဳးသံုးေနတယ္။ ဘယ္လို App ေတြသံုးတယ္ ဆိုတဲ့ အခ်က္ အားလံုးကို ထည့္ စဥ္းစားေပးႏုိင္တဲ့အဆင့္ေရာက္လာပါၿပီ။ အဲဒါေတြ အေပၚအေျခခံၿပီး ေနာက္ထပ္ဘာေတြလုပ္ႏိုင္တယ္ဆိုတာ ပိုၿပီးေကာင္း ေကာင္း တြက္ဆလာႏိုင္ပါတယ္။ ေနာက္ထပ္လုပ္မယ့္အလုပ္ေတြနဲ႔ ဆက္စပ္တဲ့ သတင္းအခ်က္အလက္ေတြလုပ္ေဆာင္မႈေတြ ကို အဆင္သင့္ အေထာက္အပံ့ေပးလာႏုိင္ပါတယ္။အသံနဲ႔ကိုယ္ေမးမယ့္ေမးခြန္းေတြ၊ စာ႐ိုက္ၿပီးကိုယ္ေမးမယ့္ေမးခြန္းေတြကို Siri ကအသင့္ျပင္ထားပါတယ္။ ဆိုၾကပါစို႔ သီခ်င္းနားေထာင္တဲ့ နားၾကပ္တပ္မယ္ဆိုရင္ အခ်ိန္အခါကို လုိက္ၿပီး ကိုယ္နားေထာင္ေလ့ရွိတဲ့ သီခ်င္းေတြကို Siri ကဖြင့္ေပး ပါမယ္။ Carplay မွာ iPhone ကို တပ္လိုက္မယ္ဆိုရင္ audiobook ထဲက သီခ်င္းေတြ နားေထာင္ခ်င္သလားဆိုတာကို Siri က ေမးပါမယ္။ ခိုင္းမွထလုပ္ေပးတာ မ်ိဳးမဟုတ္ဘဲ ဖုန္းသုံးစြဲသူလုပ္လာႏိုင္စရာရွိတဲ့အလုပ္ေတြကို ႀကိဳတင္ တြက္ဆ ၿပီးေျပာတာမ်ိဳးကို Proactive assistance လို႔ေခၚတာျဖစ္ပါတယ္။

<အကူအညီလိုတိုင္း Siri ကိုအၿမဲဖြင့္ေပးေနရမွာလား?>

Proactive assistance စနစ္ေၾကာင့္ Siri ဟာ iOS ထဲကအထိုင္ application ေတြနဲ႔ပိုၿပီး လက္တြဲညီညီအလုပ္လုပ္လာ ႏိုင္ပါတယ္။ ဒီလို လုပ္တာမ်ိဳးဟာ ဖုန္းသံုးစြဲသူမျမင္သာတဲ့ေနာက္ကြယ္က လုပ္ေပးမွာပါ။ ေနာက္ကြယ္မွာ တစ္ခ်ိန္လံုး အလုပ္ လုပ္ေနမွာမို႔ လိုအပ္တဲ့သတင္းအခ်က္အလက္ကို ခ်က္ခ်င္းေပးႏိုင္ပါမယ္။ ဒါေၾကာင့္ Calendar ထဲထည့္ထားတဲ့ appointment တစ္ခုကိုဖတ္ၿပီး အိမ္ကထြက္သင့္တဲ့အခ်ိန္ေရာက္ၿပီဆိုရင္ Siri က ကိုယ့္ကို အခ်ိန္မီအသိေပးႏိုင္ပါမယ္။ ကိုယ္ေရာက္ေနတဲ့ အရပ္နဲ႔ သတိေပးခ်ိန္ ေပၚမူတည္ၿပီး လမ္းေၾကာင္းအေျခအေနေတြလည္းသတင္းေပးႏိုင္ပါမယ္။ Contact List ထဲမွာမပါတဲ့ ဖုန္း၀င္လာၿပီဆိုရင္ Siri က mail message ထဲ ၀င္ၿပီး အဲဒီနံပါတ္ဟာ ဘယ္သူ႕ဟာလဲဆိုတာမ်ိဳးရွာပါမယ္။ ဖုန္းေခၚသူဟာ ဘယ္သူဘယ္၀ါဆိုတာမ်ိဳးအသိေပးႏိုင္ဖို႔ ႀကိဳးစားပါမယ္။ ဒါေၾကာင့္ အကူအညီလိုတိုင္း Siri ကိုအၿမဲဖြင့္ေပးေနဖို႔မလိုပါဘူး။

<Maps ကတစ္ဆင့္အမ်ားျပည္သူသံုး ယာဥ္ေတြသြားတဲ့ လမ္းေၾကာင္းကို သိႏုိင္ၿပီလား?>

ႏုိင္ငံတိုင္းအတြက္ မသံုးႏုိင္ေသးပါဘူး။ ေလာေလာဆယ္မွာ နယူးေရာ့ခ္၊ ဘာလင္၊ လန္ဒန္နဲ႔တိုရြန္ၿမိဳ႕ႀကီးေတြမွာ ရႏိုင္ ပါမယ္။ တ႐ုတ္ျပည္ ရဲ႕ၿမိဳ႕ေပါင္းသံုးရာေက်ာ္အတြက္ သိႏိုင္ပါမယ္။ Apple ကဆက္ၿပီးတိုးခ်ဲ႕ ေနတာမို႔ အေျခအေနဟာ ေကာင္း သည္ထက္ေကာင္းလာဖို႔ရွိပါတယ္။

<ကမၻာ့အထင္ကရေငြေခ်းစနစ္ေတြအားလံုးကို Apple Pay မွာခ်ိတ္သံုးႏုိင္ၿပီလား?>

ဟုတ္ကဲ့သံုးႏိုင္ပါၿပီ။ Visa, Master Card နဲ႔ American Express ေတြနဲ႔ခ်ိတ္ဆက္သံုးႏုိင္ေအာင္ Apple Pay ကိုလုပ္ေပးထားပါတယ္။

<News App ကိုသံုးၿပီး ဘာေတြဖတ္ႏုိင္မွာလဲ?>

ကမၻာ့အထင္ကရစာအုပ္တိုက္ေပါင္း ငါးဆယ္ေက်ာ္ဟာ Apple နဲ႔ မဟာ မိတ္ဖြဲ႕ထားပါတယ္။ ဒါေၾကာင့္ Apple's New ထဲမွာ Time, Vogue, Wired နဲ႔ Vanity Fair စတာေတြကိုဖတ္ႏုိင္ပါမယ္။

*****************************************
*****************************************
(Unicode Version)

“iOS 9 နှင့် မေးခွန်းများ”

iOS 9 ကသုံးမယ်ဆိုလျှင် သုံးလို့ရနေပါပြီ။ iDevice အသစ်တွေမှာ iOS 9 ပါလာပါမယ်။ တချို့လည်း လက်ရှိ Device မှာတင် upgrade လုပ်ပြီးသုံးနေ ပါပြီ။ iOS9 DVD လည်း မြန်မာပြည်ထဲဝင်လာပါပြီ။ ဆန္ဒရှိရင်သုံးနိုင်ပါတယ်။ ဖိုင်အရွယ်အစား 1.4GB မို့ ကျွန်တော်တို့အင်တာနက်စနစ်မှာ 2MB ဖိုင်ဘာ အင်တာနက်ကလွဲပြီး download ချဖို့မလွယ်ပါဘူး။ ဖုန်းကတစ်ဆင့် OTA upgrade လုပ်ဖို့က ဝေးမှဝေး။ OS အသစ်တစ်ခုထွက်ရင် လူတွေက မေးခွန်း အမျိုးမျိုးကို မေးတတ်ပါတယ်။ ပေါက်ပေါက် ရှာရှာမေးတာတွေလည်း ပါသ ပေါ့။ iOS9 နဲ့ပတ်သက်ပြီး လူတွေက ဒီလိုမေးခွန်းမျိုးတွေမေးထားပါတယ်။

<iOS9 က ဘာတွေထူးလာသလဲ?>

iOS9 ထဲမှာ မသုံးမဖြစ် built-in-app တွေပိုသုံးနိုင်အောင် Apple ကချဲ့ထွင် ပေးထားသလို ထပ်တိုးဝန်ဆောင်မှုတွေ လည်း ထည့်ပေးထားပါတယ်။ ဒါကြောင့် iOS9 ဟာပိုကောင်းလာတာသေချာပါတယ်။ Beta အဆင့် ရောက်နေပြီး စမ်းသုံးလို့ ရနေပြီဖြစ်တဲ့ iOS 9.1 မှာ ပိုပြီးထူးခြားတာတွေ တောင်တွေ့ရပါမယ်။ iOS9 မှာ siri က အရမ်းအားကောင်း မောင်းသန်ရှိလာ ပြီး မြေပုံစနစ်ကလည်း mass tramsit data ကိုထောက်ပံ့ပေးလာနိုင်ပါတယ်။
Possbook built-in-app ကို Apple Pay-powered wallet နဲ့ အစားထိုးလိုက် ပါတယ်။ မသွက်လက်တဲ့ Newstand နေရာမှာ News ၀င်လာတယ်။ ပုဂ္ဂိုလ် တစ်ယောက်ချင်းကိုလိုက်ပြီး စိတ်ကြိုက်သတင်းတွေ ပြုပေးမယ့် App ဖြစ်ပါ တယ်။ iPhone မှာ အဲဒါတွေအပြည့်အဝရပြီး iPad မှာဆိုရင် Split View နဲ့ Picture-in-picture လို အသုံးမျိုးတွေ သုံးနိုင်ပါမယ်။

<Security ပိုင်းနဲ့ပတ်သက်ပြီး ဘာတွေမြှင့်ပေးထားသလဲ?>

Security feature အသစ်တွေထပ်ဆောင်းပြီးပါလာပါတယ်။ ဒါကြောင့် iPhone ဒါမှမဟုတ် iPad ဟာ မသူတော် လက်ထဲရောက်သွားရင်တောင် data တွေအတွက် စိတ်ချရပါမယ်။ Passcode မှာဂဏန်းလေးလုံးအစား ဂဏန်းခြောက်လုံး ရိုက်ထည့်ရတဲ့အတွက် လုံခြုံမှုပိုကောင်း လာပြီး တခြား device တစ်ခုကနေ လှမ်းချိတ်မယ်ဆိုရင် နည်းလမ်း နှစ်သွယ်နဲ့ စစ်ဆေးတဲ့ အတွက် ပိုပြီးလုံခြံုလာတယ်လို့ပြောနိုင်ပါတယ်။

<Android ကနေ iOS ပြောင်းသုံးမယ်ဆိုရင် iOS 9 ကဘာတွေပိုပြီး လွယ်ကူအောင် လုပ်ပေးထားပါသလဲ?>

iOS 9 မှာ Move to iOS ဆိုတဲ့ application ပါလာပါတယ်။ Android ကနေ iOS ပြောင်းသုံးမယ့်လူတွေအတွက် အထူးရည်ရွယ် ပြီးလုပ်ပေးထားတာပါ။ အဲဒီ application ကိုသုံးပြီး Android user ဟောင်းတွေဟာ Contacts, message history, mail accounts, Calendars, Photos, Videos နဲ့ Free app တွေကို iPhone အသစ်ဆီအပြတ်အတောက်မရှိဘဲ မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းနိုင်ပါလိမ့်မယ်။ ပိုက်ဆံပေးဝယ်ထားတဲ့ application တွေကို လည်း App Store ရဲ့ wish list ထဲကိုပြောင်းထည့်ပေးနိုင်ပါတယ်။

<OS အသစ်ကြောင့် ဘက်ထရီအပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှာ
လဲ?>

အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ အကျိုး သက်ရောက်မှုမျိုးပါ။ iOS 9 မှာ ဘက်ထရီကို ပိုပြီးအကျိုးရှိရှိ သုံးနိုင်အောင် ဆောင်ရွက်ပေးထားလို့ ဘက်ထရီအသုံးခံချိန်တစ်နာရီလောက် ပိုပြီး ရလာနိုင်ပါတယ်။ iPhone ထဲမှာ အသင့်ထည့်ပေးလိုက်တဲ့ sensor တွေ ကြောင့် ဒီလိုအကျိုးရှိလာတာပါ။ Sensor တွေက ပတ်ဝန်းကျင်ကို အာရုံခံ နေပြီး ဘယ်လိုအချိန်မှာ screen ကိုမှောင်ပေးရမယ်။ ဘယ်အချိန်မှာ လင်းပေး ရမယ်ဆိုတာချိန်ဆပြီး လုပ်ပေးသွားပါမယ်။ ဘက်ထရီပါ၀ါ အရမ်း နည်းသွားရင် Low power mode မှာထားပြီး သုံးနိုင်ပါတယ်။ နောက်ထပ် သုံးနာရီ ဘက်ထရီပိုခံအောင် လုပ်ပေးပါမယ်။

<Proactive assistance ဆိုတာဘာလဲ?>

Siri ဟာ အခုအချိန်မှာဆိုရင် ဖုန်းသုံးတဲ့လူဘယ်နေရာမှာရောက်နေတယ်၊ အခုဘယ်အချိန်ရှိပြီ၊ ဘယ်လိုအလုပ်တွေကို ထပ်ပြန်ကျော့ပြီးလုပ်ရတယ်၊ ဖုန်းကိုဘယ်လိုမျိုးသုံးနေတယ်။ ဘယ်လို App တွေသုံးတယ် ဆိုတဲ့ အချက် အားလုံးကို ထည့် စဉ်းစားပေးနိုင်တဲ့အဆင့်ရောက်လာပါပြီ။ အဲဒါတွေ အပေါ်အခြေခံပြီး နောက်ထပ်ဘာတွေလုပ်နိုင်တယ်ဆိုတာ ပိုပြီးကောင်း ကောင်း တွက်ဆလာနိုင်ပါတယ်။ နောက်ထပ်လုပ်မယ့်အလုပ်တွေနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေလုပ်ဆောင်မှုတွေ ကို အဆင်သင့် အထောက်အပံ့ပေးလာနိုင်ပါတယ်။အသံနဲ့ကိုယ်မေးမယ့်မေးခွန်းတွေ၊ စာရိုက်ပြီးကိုယ်မေးမယ့်မေးခွန်းတွေကို Siri ကအသင့်ပြင်ထားပါတယ်။ ဆိုကြပါစို့ သီချင်းနားထောင်တဲ့ နားကြပ်တပ်မယ်ဆိုရင် အချိန်အခါကို လိုက်ပြီး ကိုယ်နားထောင်လေ့ရှိတဲ့ သီချင်းတွေကို Siri ကဖွင့်ပေး ပါမယ်။ Carplay မှာ iPhone ကို တပ်လိုက်မယ်ဆိုရင် audiobook ထဲက သီချင်းတွေ နားထောင်ချင်သလားဆိုတာကို Siri က မေးပါမယ်။ ခိုင်းမှထလုပ်ပေးတာ မျိုးမဟုတ်ဘဲ ဖုန်းသုံးစွဲသူလုပ်လာနိုင်စရာရှိတဲ့အလုပ်တွေကို ကြိုတင် တွက်ဆ ပြီးပြောတာမျိုးကို Proactive assistance လို့ခေါ်တာဖြစ်ပါတယ်။

<အကူအညီလိုတိုင်း Siri ကိုအမြဲဖွင့်ပေးနေရမှာလား?>

Proactive assistance စနစ်ကြောင့် Siri ဟာ iOS ထဲကအထိုင် application တွေနဲ့ပိုပြီး လက်တွဲညီညီအလုပ်လုပ်လာ နိုင်ပါတယ်။ ဒီလို လုပ်တာမျိုးဟာ ဖုန်းသုံးစွဲသူမမြင်သာတဲ့နောက်ကွယ်က လုပ်ပေးမှာပါ။ နောက်ကွယ်မှာ တစ်ချိန်လုံး အလုပ် လုပ်နေမှာမို့ လိုအပ်တဲ့သတင်းအချက်အလက်ကို ချက်ချင်းပေးနိုင်ပါမယ်။ ဒါကြောင့် Calendar ထဲထည့်ထားတဲ့ appointment တစ်ခုကိုဖတ်ပြီး အိမ်ကထွက်သင့်တဲ့အချိန်ရောက်ပြီဆိုရင် Siri က ကိုယ့်ကို အချိန်မီအသိပေးနိုင်ပါမယ်။ ကိုယ်ရောက်နေတဲ့ အရပ်နဲ့ သတိပေးချိန် ပေါ်မူတည်ပြီး လမ်းကြောင်းအခြေအနေတွေလည်းသတင်းပေးနိုင်ပါမယ်။ Contact List ထဲမှာမပါတဲ့ ဖုန်းဝင်လာပြီဆိုရင် Siri က mail message ထဲ ၀င်ပြီး အဲဒီနံပါတ်ဟာ ဘယ်သူ့ဟာလဲဆိုတာမျိုးရှာပါမယ်။ ဖုန်းခေါ်သူဟာ ဘယ်သူဘယ်ဝါဆိုတာမျိုးအသိပေးနိုင်ဖို့ ကြိုးစားပါမယ်။ ဒါကြောင့် အကူအညီလိုတိုင်း Siri ကိုအမြဲဖွင့်ပေးနေဖို့မလိုပါဘူး။

<Maps ကတစ်ဆင့်အများပြည်သူသုံး ယာဉ်တွေသွားတဲ့ လမ်းကြောင်းကို သိနိုင်ပြီလား?>

နိုင်ငံတိုင်းအတွက် မသုံးနိုင်သေးပါဘူး။ လောလောဆယ်မှာ နယူးရော့ခ်၊ ဘာလင်၊ လန်ဒန်နဲ့တိုရွန်မြို့ကြီးတွေမှာ ရနိုင် ပါမယ်။ တရုတ်ပြည် ရဲ့မြို့ပေါင်းသုံးရာကျော်အတွက် သိနိုင်ပါမယ်။ Apple ကဆက်ပြီးတိုးချဲ့ နေတာမို့ အခြေအနေဟာ ကောင်း သည်ထက်ကောင်းလာဖို့ရှိပါတယ်။

<ကမ္ဘာ့အထင်ကရငွေချေးစနစ်တွေအားလုံးကို Apple Pay မှာချိတ်သုံးနိုင်ပြီလား?>

ဟုတ်ကဲ့သုံးနိုင်ပါပြီ။ Visa, Master Card နဲ့ American Express တွေနဲ့ချိတ်ဆက်သုံးနိုင်အောင် Apple Pay ကိုလုပ်ပေးထားပါတယ်။

<News App ကိုသုံးပြီး ဘာတွေဖတ်နိုင်မှာလဲ?>

ကမ္ဘာ့အထင်ကရစာအုပ်တိုက်ပေါင်း ငါးဆယ်ကျော်ဟာ Apple နဲ့ မဟာ မိတ်ဖွဲ့ထားပါတယ်။ ဒါကြောင့် Apple's New ထဲမှာ Time, Vogue, Wired နဲ့ Vanity Fair စတာတွေကိုဖတ်နိုင်ပါမယ်။

© MobileGuideJournal

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...