Monday, October 19, 2015

iOS ကို Firmware ဘယ်လိုတင်မလဲ ..


iOS တင်တယ်ဆိုတာဘာပါလဲ?
Apple ကနေ ဖုန်းမှာပါရှိတဲ့ ဖုန်းအလုပ်လုပ်တဲ့ စနစ်ကို ပြုပြင်ဖာထေး အဆင့်မြှင့် စတာတွေလုပ်ပေးဖို့ရာ လိုအပ်သော ဖိုင်များ ထုတ်ပေးပါတယ်၊ အဲဒီဖိုင်များကို မိမိဖုန်းမှာ ပြန်ထည့်ခြင်းကို ခေါ်ပါတယ်၊
iOS တင်ပီး ဘယ်လိုနေမလဲ နေ့စဉ် သုံးနေကြအတိုင်း သုံးလို့ရပါ့မလား
ပုံတွေ စာရွက်စာတမ်းတွေ ပျောက်သွားမှာလား??
မတင်ခင် မိမိမှာရှိပီးသား ပုံတွေ စာရွက်စာတမ်းတွေမပျောက်ပျက်ဖို့ရာ
အိုင်ကျူး အသုံးပြုပီး သိမ်းထားပေးလို့ရပါတယ် ပီး အိုင်ကျူးနဲ့ဘဲ အဆင့်မြှင့်ပီး သိမ်းထားတာလေးတွေ သူနဲ့ဘဲ ပြန်သွင်းနိုင်လို့ ဘာမှ အပျောက်အရှမရှိ မတင်ခင်ကလိုအတိုင်းဘဲ တင်ပီးရင် ဆက်သုံးသွားနိုင်တာမျိုးပါ၊
*******************************************
တခါတရံ အိုင်ကျုး အမှားကြောင့် သိမ်းထားတာ ပြန်ထည့်မရတာမျိုးလဲ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်နိုင်လို့ အိုင်ကျူးနဲ့ သိမ်းတာအပြင် မိမိဘာသာ ကွန်ပြူတာထဲကိုလဲ အခြားနည်းလမ်းများသုံးပီး (third party file manager တွေဖြစ်တဲ့ iTools ifunbox syncios imazing စတာတွေ အသုံးပြုပီး) ဖုန်းထဲက ပုံတွေ စာရွက်စာတမ်း contact စတာတွေ နောက်ထပ် ကွန်ပြူတာထဲ ထပ်မံသိမ်းဆည်းနိုင်ရင် ပိုစိတ်ချရပါတယ်)
**************************************************
တင်နည်း
မည်သည့် iOS ကိုမဆိုတင်နည်း နှစ်မျိုးဘဲရှိပါတယ်..
*******************************************************************
ပထမနည်း..
OTA လို့ခေါ်တဲ့ over the air နည်းက ဖုန်းပေါ်ကနေတိုက်ရိုက်ဒေါင်းပီးတင်ရတာမျိုးပါ
wifi ချိတ်ထားဖို့လိုမှာဖြစ်ပီး ကွန်နက်ရှင်ပေါ်မူတည်လို့ နာရီဝက်ကနေ တစ်နာရီ နှစ်နာရီအထိအချိန်ယူပါလိမ့်မယ်..OTA တင်တာလဲ အရမ်းလွယ်ကူပါတယ်
Settings >> General >> Software update ကနေ တင်ရမယ့် OS update ကို Download and install ရွေးပေးရုံပါဘဲ..
(OTA တင်နည်းကနေ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ battery မခံတာ စတဲ့ ပုံမှန်မဟုတ်တဲ့ error တွေကြုံလာခဲ့ရင်လဲ ( ဖြစ်ပွါးနိုင်ခြေ ၁၀၀၀၀ မှာတစ်ယောက်ကြုံရတာမျိုးပါ) ဖြစ်နိုင်ရင်တော့ အောက်ပါ ဒုတိယနည်းအတိုင်း သူ့မူရင်း firmware fiile တစ်ခုလုံးကို ဒေါင်းယူပီး iTune နဲ့တင်ပေးလို့လဲရပါတယ်
****************************************************************
ဒုတိယနည်း..
( ဂျေးထားရင်တော့
-ထုံးစံအတိုင်း iOS 9 firmware file ဒေါင်းပီး itune နဲ့တင်ပေးရပါမယ်
- Cydia impactor ဆိုတဲ့တွိလေးနဲ့ ဂျေးပြန်ဖြုတ်နိုင်လို့ သူနဲ့ ဂျေးပြန်ဖြုတ်ပီးမှ
iOS9 ပြန်တင်လဲရပါပီ)
iOS 9 firmware file ကိုဒေါင်းလုပ်ရပါမယ်၊ (cd ဆိုင်တွေကနေ လဲဝယ်ယူနိုင်မှာပါ)
ဒေါင်းလို့ရလာတဲ့ firmware file ကို မိမိရဲ့ Desktop ပေါ် copy ကူးထားရပါမယ်၊
Firmware တွေမမှားပါစေနဲ့ မိမိ Idevice နဲ့ကိုက်ညီရပါမယ်၊
(Firmware file က .ipsw နဲ့ အဆုံးသတ်ပါတယ်)
-ITunes နောက်ဆုံး version တင်ထားပီး အင်တာနက်ချိတ်ထားပေးဖို့လိုပါမယ်၊
ဖုန်းထဲက data တွေ backup လုပ်ပေးရပါမယ်၊နောက်ပိုင်တစ်ခုခုဖြစ်ခဲ့ရင် မိမိရဲ့data တွေပြန်ရဖို့ရာပါ၊
(Itune, iCloud တို့နဲ့ backup လုပ်ယူနိုင်ပါတယ်၊
Backup ဆိုတာက မိမိ iPhone iPad တို့မှာရှိတဲ့ document, data, apps ဓါတ်ပုံစတာတွေကို iPhone ပြင်ပ အခြားနေရာမှာ သိမ်းယူခြင်းကို ဆိုလိုတာပါ၊ iTunes တို့ iCloud တို့ဖြင့် Sync လုပ်ခြင်းဟာ Backup လုပ်ခြင်းပါဘဲ
Backup လုပ်နည်း အဖွဲ့ရဲ့ pinned post မှာရှိပါတယ်)
-ဖုန်းကို အားအပြည့်သွင်းထားရပါမယ်၊
-ဖုန်းကို dfu mode ထဲဝင်ရပါမယ်၊
Dfu mode ဝင်ဖို့ရာ အောက်ပါလင့်ကနေ လေ့လာပေးပါ၊
http://everydaylife.globalpost.com/enter-dfu-mode-restore-25983.html
http://www.iphonehacks.com/put-iphone-in-dfu-mode
http://www.igeeksblog.com/how-to-put-iphone-into-dfu-mode/
( usb နဲ့ ဖုန်းကိုချိတ်ထား
မချိတ်ထားလဲ dfu mode ဝင်ပီးမှချိတ်လဲရပါတယ်၊
power နဲ့ home button တူတူဖိထားပေးပါ ဖုန်းက သူ့အလိုလိုပိတ်သွားပါလိမ့်မယ်၊
ပိတ်သွားပီး တစက္ကန့် နှစ်စက္ကန့်လောက်နေရင် power button ကိုလွှတ်ပေးရပါမယ် home တော့ဆက်ဖိထားပေးပါ၊ iTunes က idevice ကို restore လုပ်ဖို့ရာ သတိပေးတဲ့ box တက်လာပီ ဖုန်းစကရင်ကလဲ ပိတ်ထားတဲ့အတိုင်း မဲနေပီဆို dfu mode ကိုရောက်နေပါပီ)
power နဲ့ home button ဖိတာအချိန်အဆလေးဘဲလိုပါတယ် တခါမရရင် သုံးလေးခါကြိုးစားဝင်ပါ ရသွားပါလိမ့်မယ်၊
Dfu mode က ဖုန်းပိတ်ထားသလိုဘဲ ဘာမှမလင်းပါ)
Itune ဖွင့် ဖုန်းချိတ် keyboard က shift key ကိုဖိထားရင်းနဲ့မှ restore ဆိုတဲ့ button ပေါ် click ပေးပါ
File ရွေးရမယ့် box ပေါ်လာရင် စောစောပိုင်းက desktop ပေါ်ကူးထားတဲ့ firmware file ကို ရွေးပေးပါ
ကော်ဖီသောက်ရင်း ထိုင်စောင့်ပါ (မကြိုက်လဲ လဘ္ဘက်ရည်တို့ဘာတို့ပေါ့)
ပြန်တက်လာခဲ့ရင် setup as new phone လုပ်မလား restore from backup လုပ်မလားမေးပါတယ် မတင်ခင်က အတိုင်းပြန်သုံးချင်ရင် restore from backup ကိုရွေးပေးပါ
အသစ် အစကနေ ပြန်သုံးချင်ရင် setup as new phone ရွေးပေးပါ
Set up as new phone ရွေးထားလဲ အိုင်ကျူးနဲ့ ဘက်ကပ်လုပ်ခဲ့ရင် အချိန်မရွေး ၎င်း backup ကိုပြန်ရဖို့ restore backup ကိုရွေးပေးရင်ရမှာပါ
(Restore အဓိပ္ပါယ်က မူလအတိုင်းပြန်ထားသည်ပါ
Backup ဆိုတာက ထပ်မံသိမ်းဆည်းထားသည်ပါ)
-ရပါပီ
Ref ; Min Thike

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...