Monday, October 12, 2015

iOS 9 သုံးထားသော iPhone ဖြင့် လုပ်ဆောင်နိုင်သည့် လူသိနည်းသော အချက် (၂၅)




Apple သည် iPhone 4S နှင့်အထက် iPhone ဖုန်းများတွင် သုံးနိုင်သော operating system သစ်ဖြစ်သည့် iOS 9 ကို ဖြန့်ချိထားပြီးဖြစ်သည်။ လက်ရှိတွင် upgrade မပြုလုပ်ရသေးသူများ အနေဖြင့် Settings > General > Software Updae နှင့် ကွန်ပျူတာရှိ iTunes မှတစ်ဆင့် upgrade ပြုလုပ်နိုင်သည်။ ၎င်းတွင် သုံးစွဲသူ၏ iPhone ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးမည့် အဆင့်မြှင့်တင်မှုများ ပါဝင်သည်။

(၁) ပထမဦးဆုံးနှင့် အရေးအကြီးဆုံးအဖြစ် သိရှိထားရန် လိုအပ်သည့်အချက်က back ခလုတ်သစ် ပါဝင်လာခြင်း ဖြစ်သည်။

Link တစ်ခု သို့မဟုတ် notification တစ်ခုကို နှိပ်လိုက်သည့်အခါတွင် ဘယ်ဘက် အပေါ်ထောင့်၌ “Back to [previous app]” ခလုတ် ပေါ်လာမည် ဖြစ်သည်။
၎င်း feature ကို အသုံးပြုရန်အတွက် Settings app သို့သွားရန် မလိုအပ်ပါ။

(၂) ဘက်ထရီသုံးစွဲမှု လျှော့ချရန်အတွက် Settings app > Battery > Low Power Mode ကို ဖွင့်ပြီး သုံးနိုင်သည်။

ဖုန်းတွင် ဘက်ထရီက ၁၀ ရာခိုင်နှုန်းသာ ကျန်သည့်အခါ Low Power Mode က အလိုအလျောက် enable ဖြစ်သွားမည် ဖြစ်သည်။ သို့ရာတွင် ဘက်ထရီကို ကြာရှည်အသုံးပြုနိုင်ရန်အတွက် Low Power Mode ကို Settings တွင် enable လုပ်ခြင်းဖြင့် သုံးနိုင်သည်။ ၎င်းကို အသုံးပြုရာတွင် အီးမေးလ်အသစ် ရှာပေးခြင်း၊ app update များကို အလိုအလျောက် download ပြုလုပ်ခြင်း၊ homescreen မှ parallax effect ကဲ့သို့သော visual effect အချို့ကို disable လုပ်ပေးမည် ဖြစ်သည်။

(၃) Settings > Battery တွင် background ၌ ဘက်ထရီ သုံးစွဲမှုအများဆုံး app များကို ကြည့်နိုင်သည်။

Battery Usage section အောက်တွင် app icon သို့မဟုတ် နာရီ icon ကိုနှိပ်သည့်အခါ app တစ်ခုချင်းစီ၏ backgroound တွင် အလုပ်လုပ်နေသည့် အချိန်ကို သိရှိနိုင်သည်။

(၄) ဘက်ထရီသုံးစွဲမှု သက်သာစေရန် ဖုန်းကို မှောက်ထားပါ။ ထိုသို့ပြုလုပ်ခြင်းကြောင့် notification တစ်ခု ရောက်ရှိသည့်အခါ screen လင်းလာခြင်းကို ကာကွယ်ပေးမည် ဖြစ်သည်။

အဆိုပါ feature သည် ဖုန်း၏ အလင်းနှင့် proximity sensor များကို အသုံးပြုကာ ဘက်ထရီ အလွန်အကျွံသုံးစွဲသော screen ကို disable လုပ်ပေးသည်။

(၅) ဗီဒီယို ကြည့်နေစဉ် zoom ချဲ့နိုင်သည်။

ယခင်က ဗီဒီယိုတွင် zoom ချဲ့သည့်အခါ pause ဖြစ်သွားသော်လည်း ယခုအခါ ကြည့်ရှုနေစဉ် pinch-to-zoom ပြုလုပ်နိုင်သည်။

(၆) Swipe down ဖြင့် Camera Roll မှ Camera app သို့ ပြန်သွားနိုင်သည်။

၎င်း လုပ်ဆောင်ချက်သည် Photos app တွင် ဓာတ်ပုံများ လှန်လှောကြည့်ရှုရာတွင်လည်း အလုပ်လုပ်သည်။ Swipe down လုပ်ခြင်းဖြင့် Album များထံ ပြန်သွားနိုင်သည်။


(၇) “Select” ကို နှိပ်ပြီး လက်ချောင်းကို ဓာတ်ပုံများတွင် ဖိဆွဲခြင်းဖြင့် ဓာတ်ပုံအများအပြားကို select လုပ်နိုင်သည်။

(၈) Shift ခလုတ်ကို ဖိထားသည့်အခါ ကီးဘုတ်တွင် စာလုံးအကြီးများ ပြောင်းလဲသွားမည့် setting ကို enable လုပ်ထားနိုင်သည်။

Settings > General > Accessibility > Keyboard တွင် Show Lowercase Keys ကို ON သို့ ပြောင်းပါ။

(၉) ကီးဘုတ်မှ စာလုံးများအား pop-up အဖြစ် ဖော်ပြခြင်းကို Settings > General > Keyboard တွင် disable လုပ်နိုင်သည်။

(၁၀) Search တွင် weather ဟု ရိုက်သည့်အခါ သုံးစွဲသူ၏ တည်နေရာရှိ ရာသီဥတုအခြေအနေကို အလိုအလျောက် ဖော်ပြပေးမည် ဖြစ်သည်။

Spotlight search ကို သုံးရန်အတွက် homescreen ၏ အပေါ်မှ အောက်ဘက်သို့ ဆွဲပါ။

(၁၁) တွက်ချက်မှုကို လျင်မြန်စွာ ပြုလုပ်နိုင်သည်။

တွက်ချက်မှုရလဒ်အပေါ်တွင် နှိပ်လိုက်သည့်အခါ Calculator app ပွင့်လာမည် ဖြစ်သည်။

(၁၂) ဖုန်းကို silent လုပ်ထားစဉ် Siri မှ စကားပြောဆိုမှုကို တားဆီးနိုင်သည်။

Settings > General > Siri > Voice Feedback တွင် Control with Ring Switch ကို ရွေးပါ။

(၁၃) Wi-Fi လိုင်းမကောင်းသည့်အခါ ဆယ်လူလာကွန်ရက်ကို အလိုအလျောက် ချိတ်ဆက်ရန် Wi-Fi Assit ကို enable လုပ်နိုင်သည်။

၎င်း setting ကို သုံးရာတွင် သတိရှိရန်လိုသည်။ အဆိုပါ နည်းလမ်းသည် အသုံးတည့်သော်လည်း ဖုန်းဘီလ်များ ပိုမိုကုန်ကျနိုင်သောကြောင့် unlimited data plan မသုံးစွဲပါက enable မလုပ်သင့်ပါ။

(၁၄) Settings > Cellular > SIM PIN တွင် PIN code တစ်ခု ထည့်ထားခြင်းဖြင့် အခြားထုတ်ကုန်များတွင် သုံးစွဲသူ၏ SIM card မသုံးနိုင်အောင် ပြုလုပ်နိုင်သည်။

၎င်း setting သည် သင်၏ ဖုန်းကို အခွင့်မရှိဘဲ အသုံးမပြုနိုင်စေရန် ကာကွယ်ပေးသည်။ SIM card တွင် default PIN တစ်ခု ပါဝင်သော်လည်း အမှန်တကယ် ကာကွယ်ထားလိုပါက Change PIN ကို နှိပ်ကာ ခန့်မှန်းရခက်ခဲသည့် PIn တစ်ခုကို ဖန်တီးပါ။

(၁၅) App Store မှ ad-blocking app များကို download ပြုလုပ်နိုင်သည်။

iOS 9 သည် မိုဘိုင်း Safari တွင် စာမျက်နှာများ လျင်မြန်စွာ ဖွင့်နိုင်ရန်အတွက် tracking data, banner ads နှင့် pop-up များကို တားဆီးပေးသော app များကို download ပြုလုပ်ခွင့် ပေးထားသည်။ ကြော်ငြာများ ဖယ်ရှားပေးမည့် အဆိုပါ app များအတွက် အခကြေးငွေပေးရသော်လည်း ပိုမိုကောင်းမွန်သည့် browsing experience ရရှိရန်အတွက် ပေးရသည့်ငွေနှင့် ထိုက်တန်သည်။ ထင်ရှားသော app များမှာ Purify ($2) နှင့် Crystal ($1) ဖြစ်သည်။

Settings > Safari > Content Blockers တွင် enable လုပ်နိုင်သည်။

(၁၆) Safari တွင် ရှာဖွေလိုသည့် text ကို copy လုပ်ပြီးနောက် address bar တွင် နှိပ်ကာဖိထားခြင်းဖြင့် “Paste and Search” ပေါ်လာမည် ဖြစ်သည်။

(၁၇) Safari တွင် ဝက်ဘ်ဆိုက်တစ်ခုကို desktop version အဖြစ် ကြည့်ရှုလိုသည့်အခါ refresh ခလုတ်ကို နှိပ်ကာဖိထားခြင်းဖြင့် ပြုလုပ်နိုင်သည်။

(၁၈) ဝက်ဘ်ဆိုက်တစ်ခုရှိ စကားလုံး သို့မဟုတ် စကားစုတစ်ခုကို ရှာဖွေလိုသည့်အခါ share icon ကိုနှိပ်ပြီး Find On Page နှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

(၁၉) Apple Maps တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး လမ်းညွှန်ချက်များ ရရှိနိုင်သည်။

(၂၀) အနီးအနားရှိ စားသောက်ဆိုင်များကို ရှာဖွေလိုသည့်အခါ Apple Maps ရှိ search bar ကို နှိပ်ပါ။

(၂၁) ဖုန်းတွင် နားကြပ်တပ်လိုက်သည့်အခါ lock screen ပေါ်တွင် နောက်ဆုံး အသုံးပြုထားသော audio app ပေါ်လာမည် ဖြစ်သည်။
၎င်း app ကို ဖွင့်လိုသည့်အခါ icon ကို အပေါ်ဘက်သို့ swipe လုပ်ပါ။

(၂၂) Mail app တွင် mail အားလုံးကို ချက်ချင်း ဖျက်နိုင်သည်။

Gmail ကို အသုံးပြုပါက ပထမဦးဆုံး Archive setting ကို Delete သို့ပြောင်းပါ။ Settings > Mail, Contacts, Calendars မှာ account ကိုရွေးပြီး Account > Adavnced သို့သွားပါ။ Move Discarded Message Into မှာ Deleted Mailbox ကိုရွေးပါ။ ပြီးရင် Mail app ကိုဖွင့်ပါ။ ထိပ်ဘက်ရှိ Edit ကိုနှိပ်ပြီး အောက်ဘက်ရှိ Trash All ကိုနှိပ်ပါ။ ပြီးရင် Inbox ကို သွားကြည့်လိုက်ပါ။ မေးလ်တစ်စောင်မှ မရှိတော့သည်ကို တွေ့ရမည်။

(၂၃) ဘယ်ဘက်သို့ swipe လုပ်ပြီး Alarm များကို ဖျက်နိုင်သည်။

ယခင် iOS ဗားရှင်းတွင် သက်ဆိုင်ရာ alarm ကို ပယ်ဖျက်လိုသည့်အခါ Edit ကိုနှိပ်ပြီးမှ delete ခလုတ်ကိုရွေးကာ ဖျက်ရသည်။ ယခုအခါတွင် alarm များကို ဘယ်ဘက်သို့ swipe လုပ်ခြင်းဖြင့် ပယ်ဖျက်နိုင်ပြီ ဖြစ်သည်။

(၂၄) Home ခလုတ်ကို နှစ်ချက်နှိပ်၍ Apple Pay အသုံးပြုနိုင်သည်။

Settings > Wallet & Apple Pay > Double-Click Home Button ကို enable လုပ်ခြင်းဖြင့် သုံးနိုင်သည်။ ၎င်း feature အလုပ်လုပ်ရန် Touch ID ဖန်တီးရန် လိုသည်။

(၂၅) Voicemail ကို text နှင့် email မှတစ်ဆင့် ဝေမျှနိုင်သလို Voice Memos တွင်လည်း သိမ်းဆည်းနိုင်သည်။
Ref:http://internetjournal.media/article/4445

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...